မြတ်ဘုရား ၏ ဂုဏ်တော် ကိုးပါး
၁။ အရဟံ
၂။ သမ္မာ သမ္ဗုဒ္ဓေါ
၃။ ၀ိဇ္ဖာ စရဏ သမ္ပန္တော
၎။ သုဂတော
၅။ လောက၀ိဒူ
၆။ အနုတ္တရော ပုရိသ ဓမ္မ သာရထိ
၇။ သတ္တာဒေ၀ မနုဿာနံ
၈။ ဗုဒ္ဓေါ
၉။ ဘဂ၀ါ
........................................................................................................................................
ပုတီး စိပ်ရန် ဂုဏ်တော် ကိုးပါး
-* သောဘဂ၀ါ ဣတိပိ အရဟံ
သောဘဂ၀ါ - ထိုမြတ်စွာ ဘုရားသည်
ဣတိပိ - လူမင်း ၊ နတ်မင်း ၊ဗြဟ္မာ မင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်၏။ ဤသို့သော ဂုဏ်တော် မြတ်ကြောင့်
အရဟံ - အရဟ မည်တော်မူ၏။
-* သောဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ
သောဘဂ၀ါ - ထိုမြတ်စွာ ဘုရားသည်
ဣတိပိ - ခပ်သိမ်းသော တရားတို့ကို အပိုအလိုမရှိ မိမိအလိုလို သိတော်မူ၏။ဤသို့သော ဂုဏ်တော် မြတ်ကြောင့်
သမ္မာသမ္ဗုဒ္ဓေါ - သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏။
သောဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏ သမ္ပန္နော
သောဘဂ၀ါ - ထိုမြတ်စွာ ဘုရားသည်
ဣတိပိ -၀ိဇ္ဇာ သုံးပါး ၊ ၀ိဇ္ဇ ရှစ်ပါး ၊စရဏ တစ်ဆယ့် ငါးပါးတို့နှင့် ပြည့်စုံတော်မူ၏။ဤသို့သော ဂုဏ်တော် မြတ်ကြောင့်
ဝိဇ္ဇာစရဏ သမ္ပန္နော - ၀ိဇ္ဇာစရဏ သမ္ပန္န မည်တော်မူ၏။
သောဘဂ၀ါ ဣတိပိ သုဂတော
သောဘဂ၀ါ - ထိုမြတ်စွာ ဘုရားသည်
ဣတိပိ -ကောင်းသော လာခြင်း တို့နှင့် ပြည့်စုံပြီး ကောင်းသော နိဗ္ဗာန်မြတ်သို့ သွားတော်မူ၏။ဤသို့သော ဂုဏ်တော် မြတ်ကြောင့်
သူဂတော - သုဂတ မည်တော်မူ၏။
သောဘဂ၀ါ ဣတိပိ လောက၀ိဒူ
သောဘဂ၀ါ - ထိုမြတ်စွာ ဘုရားသည်
ဣတိပိ - လောက သုံးပါးကို ပိုင်းခြား ကုန်စင် သိမြင်တော်မူ၏။ဤသို့သော ဂုဏ်တော် မြတ်ကြောင့်
လောက၀ိဒူ -လောက၀ိဒူ မည်တော်မူ၏။
သောဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ
သောဘဂ၀ါ - ထိုမြတ်စွာ ဘုရားသည်
ဣတိပိ - မယဉ်ကျေးသူ တို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူ၏။ဤသို့သော ဂုဏ်တော် မြတ်ကြောင့်
အနုတ္တရော ပုရိသ ဒမ္မသာရထိ - အနုတ္တရော ပုရိသ ဒမ္မသာရထိ မည်တော်မူ၏။
သောဘဂ၀ါ ဣတိပိ သတ္တာဒေ၀ မနုဿာနံ
သောဘဂ၀ါ - ထိုမြတ်စွာ ဘုရားသည်
ဣတိပိ - ခပ်သိမ်းသူတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူ၏။ဤသို့သော ဂုဏ်တော် မြတ်ကြောင့်
သတ္တာဒေ၀ မနုဿာနံ - သတ္တာဒေ၀ မနုဿာနံ မည်တော်မူ၏။
သောဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ
သောဘဂ၀ါ - ထိုမြတ်စွာ ဘုရားသည်
ဣတိပိ - သစ္စာလေးပါး မြတ်တရား ကို ပိုင်းခြားထင်ထင် သိမြင်တော်မူ၏။ဤသို့သော ဂုဏ်တော် မြတ်ကြောင့်
ဗုဒ္ဓါ - ဗုဒ္ဓ မည်တော်မူ၏။
သောဘဂ၀ါ ဣတိပိ ဘဂ၀ါ
သောဘဂ၀ါ - ထိုမြတ်စွာ ဘုရားသည်
ဣတိပိ - ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူ၏။ဤသို့သော ဂုဏ်တော် မြတ်ကြောင့်
ဘဂ၀ါ - ဘဂ၀ါ မည်တော်မူ၏။

Labels: ဂါထာ

0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home