ရွှေမင်းသား ရဲ့ ရွှေနန်းတော်

Name:
Location: ခေမာရွှေပြည်, ရှမ်းပြည်နယ်(အရှေ့ပိုင်း), Myanmar (Burma)

ရွှေမင်းသား...။ထင်ပေါ်တဲ့အနုပညာရှင်မဟုတ်..ဇာတ်သမားလည်းမဟုတ်...ရွှေပြည်ကိုချစ်ခင်မြတ်နိုးလို့ ရွှေပြည်ကြီးအတွက် ခံစားမှုများစွာနဲ့ အသုံးတော်ခံမယ့် စာသားတွေနဲ့ ရာဇဝင်အဆက်ဆက်က မင်းတွေရဲ့... သားတစ်ယောက်အဖြစ် တိုင်းပြည်ကို အကျိုးပြုနိုင်ကောင်းပါရဲ့လို့...မျှော်လင့်ချက်နဲ့ ပေါ့......

Friday, September 21, 2007

ကိုးကွယ် အားထားရာ




Labels:

လိုတရ လာဘသိဒ္ဓိ ဂါထာတော်


အတ္တဓမ္မ သမ္ဘိဒါစ ၊
နိရုတ္တိ ပဋိဘာဏကာ
စတုသမ္ဘိဒ ပတ္တာနံ ၊
အဂ္ဂပတ္တံ ဇိနံ နမေ ။

နေ့စဉ် ရွတ်လျှင် ရွှေမရှား ၊ ငွေမရှား ပစ္စည်း ဥစ္စာ ပေါများ၍ လိုတရ မည်ဟုဆိုပါသည်။

Labels:

'၀ ' လေးလုံးပိတ် (၀ါ) ' ၀ ' ဆယ့်သုံးလုံး ဂါထာ

ဝဏ္ဏတေန ၀ဏ္ဏတော ၊ဘဿဝရော ရုတောနဝ
ဝဏ္ဏတော ၀ရံဌာနေ ၊ ခေနတောဝရံ သပ္ပနဝ
ဝံပဏာ ဏိနေန ၊ ဘဟိသဗ္ဗနဝ
ဝကပ္ပိတော နလိမ္ပန္နော ၊ ၀ဿန၀ ။

နေ့စဉ် နံနက် (၁၇) ခေါက် ၊ ည (၁၇)ခေါက် အမြဲ ရွတ်ဆိုပါ ။ ဘေးအန္တရာယ် ကင်းပါသည် ။စီးပွား တက်ပါသည် ။
အကျဉ်းအကျပ် ၊ လက်ထိတ် ကြိုးချည် မှ လွတ်မြောက် ပါသည် ။ ဓား ၊လှံ ဘေး ၊လေဘေး ၊ မီးဘေး မှ ကင်းဝေးစေ သည်။ ဘာသာရေး ၊ သာသနာရေး ၊ ကိစ္စ ရပ်များ၌ လိုအပ်လျှင် မိုးတား၍ ရပါသည် ။

Labels:

Thursday, September 20, 2007

မြတ်ဘုရား ၏ ဂုဏ်တော် ကိုးပါး

၁။ အရဟံ
၂။ သမ္မာ သမ္ဗုဒ္ဓေါ
၃။ ၀ိဇ္ဖာ စရဏ သမ္ပန္တော
၎။ သုဂတော
၅။ လောက၀ိဒူ
၆။ အနုတ္တရော ပုရိသ ဓမ္မ သာရထိ
၇။ သတ္တာဒေ၀ မနုဿာနံ
၈။ ဗုဒ္ဓေါ
၉။ ဘဂ၀ါ
........................................................................................................................................
ပုတီး စိပ်ရန် ဂုဏ်တော် ကိုးပါး
-* သောဘဂ၀ါ ဣတိပိ အရဟံ
သောဘဂ၀ါ - ထိုမြတ်စွာ ဘုရားသည်
ဣတိပိ - လူမင်း ၊ နတ်မင်း ၊ဗြဟ္မာ မင်းတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်၏။ ဤသို့သော ဂုဏ်တော် မြတ်ကြောင့်
အရဟံ - အရဟ မည်တော်မူ၏။

-*
သောဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ
သောဘဂ၀ါ - ထိုမြတ်စွာ ဘုရားသည်
ဣတိပိ - ခပ်သိမ်းသော တရားတို့ကို အပိုအလိုမရှိ မိမိအလိုလို သိတော်မူ၏။
ဤသို့သော ဂုဏ်တော် မြတ်ကြောင့်
သမ္မာသမ္ဗုဒ္ဓေါ -
သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏။

သောဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏ သမ္ပန္နော
သောဘဂ၀ါ - ထိုမြတ်စွာ ဘုရားသည်
ဣတိပိ -၀ိဇ္ဇာ သုံးပါး ၊ ၀ိဇ္ဇ ရှစ်ပါး ၊စရဏ တစ်ဆယ့် ငါးပါးတို့နှင့် ပြည့်စုံတော်မူ၏။
ဤသို့သော ဂုဏ်တော် မြတ်ကြောင့်
ဝိဇ္ဇာစရဏ သမ္ပန္နော -
ဝိဇ္ဇာစရဏ သမ္ပန္န မည်တော်မူ၏။

သောဘဂ၀ါ ဣတိပိ သုဂတော
သောဘဂ၀ါ - ထိုမြတ်စွာ ဘုရားသည်
ဣတိပိ -ကောင်းသော လာခြင်း တို့နှင့် ပြည့်စုံပြီး ကောင်းသော နိဗ္ဗာန်မြတ်သို့ သွားတော်မူ၏။
ဤသို့သော ဂုဏ်တော် မြတ်ကြောင့်
သူဂတော - သုဂတ
မည်တော်မူ၏။

သောဘဂ၀ါ ဣတိပိ လောက၀ိဒူ
သောဘဂ၀ါ - ထိုမြတ်စွာ ဘုရားသည်
ဣတိပိ - လောက သုံးပါးကို ပိုင်းခြား ကုန်စင် သိမြင်တော်မူ၏။
ဤသို့သော ဂုဏ်တော် မြတ်ကြောင့်
လောက၀ိဒူ -လောက၀ိဒူ မည်တော်မူ၏။

သောဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ
သောဘဂ၀ါ - ထိုမြတ်စွာ ဘုရားသည်
ဣတိပိ - မယဉ်ကျေးသူ တို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူ၏။
ဤသို့သော ဂုဏ်တော် မြတ်ကြောင့်
အနုတ္တရော ပုရိသ ဒမ္မသာရထိ - အနုတ္တရော ပုရိသ ဒမ္မသာရထိ မည်တော်မူ၏။

သောဘဂ၀ါ ဣတိပိ သတ္တာဒေ၀ မနုဿာနံ
သောဘဂ၀ါ - ထိုမြတ်စွာ ဘုရားသည်
ဣတိပိ - ခပ်သိမ်းသူတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူ၏။
ဤသို့သော ဂုဏ်တော် မြတ်ကြောင့်
သတ္တာဒေ၀ မနုဿာနံ - သတ္တာဒေ၀ မနုဿာနံ မည်တော်မူ၏။

သောဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ
သောဘဂ၀ါ - ထိုမြတ်စွာ ဘုရားသည်
ဣတိပိ - သစ္စာလေးပါး မြတ်တရား ကို ပိုင်းခြားထင်ထင် သိမြင်တော်မူ၏။
ဤသို့သော ဂုဏ်တော် မြတ်ကြောင့်
ဗုဒ္ဓါ - ဗုဒ္ဓ
မည်တော်မူ၏။

သောဘဂ၀ါ ဣတိပိ ဘဂ၀ါ
သောဘဂ၀ါ - ထိုမြတ်စွာ ဘုရားသည်
ဣတိပိ - ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူ၏။
ဤသို့သော ဂုဏ်တော် မြတ်ကြောင့်
ဘဂ၀ါ - ဘဂ၀ါ
မည်တော်မူ၏။

Labels:

Tuesday, August 28, 2007

မင်္ဂလာပါ

မင်္ဂလာပါ....ဒီ ဘလော့ က ကျနော့်ရဲ့ ဓမ္မ နဲ့ သက်ဆိုင်တဲ့ ဘလော့ လေးပါ.....

Labels: